ပုဒ်မ ၁၄၈
ပုဒ်မ ၁၄၈
သေစေလောက်သောလက်နက်ဖြင့်ရုန်းရင်းဆန်ခတ်မှုပြုခြင်း

မည်သူမဆို သေစေလောက်သော လက်နက်ဖြင့် သို့မဟုတ် ရန်မူသော လက်နက်အဖြစ်ဖြင့် အသုံးပြုလျှင် သေစေတန်ရာသော အရာဝတ္ထုတစ်ခုခုဖြင့် ရုန်းရင်းဆန်ခတ်မှု ကျူးလွန်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

 

ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် သမ္မာန်စာ ထုတ်ခွင့် ရှိသည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။