ပုဒ်မ ၄၉၃
တရားဝင်ထိမ်းမြားကြောင်းကို ယုံကြည်စေရန်ယောက်ျားက လှည့်ဖြားလိုသောသဘောဖြင့် သွေးဆောင်၍ ကာမစပ်ယှက်ခြင်း
မည်သည့် ယောက်ျားမဆို မိမိနှင့် တရားဝင်ထိမ်းမြားခြင်းမပြုသော မိန်းမကို မိမိနှင့် တရားသဖြင့် ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေ၍ ထိုသို့ ယုံကြည်စေသဖြင့် မိမိနှင့် ကာမစပ်ယှက်စေလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ မပေးနိုင်
- ကျေအေးခွင့် မရှိ
- စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။
Related Law