မည်သူမဆို အများပြည်သူနှင့်သက်ဆိုင်သော ရေသွားလမ်းအား ရေလွှမ်းစေသော သို့မဟုတ် ပိတ်ဆို့ စေသော သို့မဟုတ် ထိုသို့ ဖြစ်စေတန်ရာသည်ကို မိမိသိသော ပြုလုပ်မှုကိုပြုခြင်းဖြင့် ထိခိုက်နစ်နာခြင်းကို သို့မဟုတ် ပျက်စီးဆုံးရှုံးခြင်းကို ဖြစ်စေသော အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။