တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ် လုပ်ငန်းလိုင်စင်ရရှိသူသည်-
(က) ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်သော လုပ်ငန်းလိုင်စင်စည်းကမ်းချက်များကို လိုက်နာရမည်။
(ခ) လုပ်ငန်းလိုင်စင်နှင့်စပ်လျဉ်းသည့် အခွန်အခများကို သတ်မှတ်သည့် နည်းလမ်းများနှင့် အညီ မြန်မာငွေဖြင့်လည်းကောင်း၊ နိုင်ငံခြားငွေဖြင့်လည်းကောင်း ပေးသွင်းရမည်။
(ဂ) လုပ်ငန်းလိုင်စင်သက်တမ်းမကုန်ဆုံးမီ ကွယ်လွန်လျှင် ယင်း၏တရားဝင်ဆက်ခံသူက သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ညွှန်ကြားရေးမှူးချုပ်ထံသို့ လျှောက်ထားရမည်။