(က) ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း ပြီးစီးပါက အဆိုပါ စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်သည် စာရင်းစစ်ဆေးပြီး ရှင်းတမ်းတစ်ခုနှင့် ပြင်ပစာရင်းစစ်၏ ထင်မြင်ချက် ပါဝင်သော အတည်ပြုပြီး ဘဏ်ကလက်ခံသည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အစီရင်ခံစာ တစ်စောင် ကို ပြင်ဆင်၍ ဗဟိုဘဏ်သို့ တင်ပြရမည်။
(ခ) ပုဒ်မခွဲ (က)အရ တင်ပြထားသည့် စာရင်းစစ် ထင်မြင်ယူဆချက်တွင် အောက်ပါတို့ ပါဝင်ရမည်-
(၁) စာရင်းများသည် ပြည့်စုံမှန်ကန်စွာရေးဆွဲ ပြုစုထားကြောင်း၊
(၂) ဖျက်သိမ်းခြင်း သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း အစီရင်ခံစာသည် စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်၏ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းကို ပြည့်စုံမျှတ၍ သင့်တင့်လျောက်ပတ်စွာ ဖော်ပြထားကြောင်း၊
(၃) ပြင်ပစာရင်းစစ်သည် စာရင်းရှင်းလင်း ဖျက်သိမ်းမည့်ဘဏ်ထံမှ သတင်းအချက်အလက် သို့မဟုတ် ရှင်းလင်းချက် တောင်းခံရာတွင် လက်ခံရရှိသည့် သတင်းအချက်အလက် သို့မဟုတ် ရှင်းလင်းချက်များသည် တိကျမှန်ကန်စွာ ဖော်ပြထားကြောင်း၊
(၄) ဖျက်သိမ်းခြင်းနှင့် ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဗဟိုဘဏ်၏ ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ထားကြောင်း၊
(ဂ) လက်ရှိစာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်က ပုဒ်မ ၁၁၄ တွင် ရည်ညွှန်းထားသည့်အတိုင်း ၎င်း၏ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် တာဝန်များအားလုံးကို ပုဒ်မခွဲ (က) အရ တင်ပြရမည့် အထောက် အထားများအပေါ် အခြေခံထားသည်ဟု ဗဟိုဘဏ်က ယူဆလျှင်-
(၁) ဗဟိုဘဏ်သည် စာရင်းရှင်းလင်းဖျက်သိမ်းမည့်ဘဏ်၏ လိုင်စင်အား ဖျက်သိမ်း၍ ဤဥပဒေ ပုဒ်မ ၁၁၅၏ ပြဋ္ဌာန်းချက်များ နှင့်အညီ ဖျက်သိမ်းမှုအား အကြောင်းကြားရမည်။
(၂) ဘဏ်သည် ရရန်ပိုင်ခွင့်အမှန်ရှိသော ပိုင်ရှင်များအား ၎င်းတို့၏ ရရန်ပိုင်ခွင့်များကို ၎င်းတို့ရရှိရ မည့်အချိုးအတိုင်း ခွဲဝေပေးရမည်။
(ဃ) စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်သည် အောက်ဖော်ပြပါ ကိစ္စရပ်များ မဆောင်ရွက်မီ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) အရ ခွဲဝေမှုများကို မပြုလုပ်ရ-
(၁) တရားရုံးက ဆုံးဖြတ် သတ်မှတ်ချက်အရ ပေးချေရမည့် သို့မဟုတ် ပြန်လည်ပေးရမည့်ငွေများ သို့မဟုတ် အခြားပစ္စည်းများ နှင့် စပ်လျဉ်း၍ အငြင်းပွားနေသည့် တောင်းခံမှုများကို ဖြည့်ဆည်းရန် လုံလောက်သော ငွေကြေးအား ဗဟိုဘဏ်သို့ လွှဲပြောင်းပေးပို့ခြင်း၊
(၂) ငွေအပ်နှံသူများအားလုံး၊ အခြားမြီရှင်များ သို့မဟုတ် ရန်ပုံငွေများတောင်းခံခြင်း မပြုရသေးသည့် ပုဂ္ဂိုလ်များအား ပေးရန်ရှိသည့် ရန်ပုံငွေများကိုပေးရန် ဗဟိုဘဏ်သို့ လွှဲပြောင်းပေးပို့ခြင်း၊
(၃) ပုဒ်မ ၁၅၂ ကို လိုက်နာဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်း ဖျက်သိမ်းမည့် ဘဏ်က ထိန်းသိမ်းထားသည့် ငွေများနှင့် အခြားပစ္စည်းများကို ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂)အရ အဆိုပါပုဂ္ဂိုလ် များသို့ ခွဲဝေနိုင်မှုမရှိခြင်း။
(င) ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဘဏ်၏ ရရန်ပိုင်ခွင့်များမှ ကုန်ကျစရိတ်၊ တောင်းခံငွေနှင့် အသုံးစရိတ်အားလုံး ဦးစားပေး ပေးချေရမည်။
(စ) ပုဒ်မခွဲ (က)အရ တင်ပြထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အစီရင်ခံစာနှင့် စာရင်းစစ်ထား သည့် စာရင်းရှင်း တမ်းများအတွက် အတည်ပြုကြောင်း သတိပေးစာတစ်ခုအား စာရင်းရှင်းလင်းဖျက် သိမ်းမည့် ဘဏ်ထံမှ လက်ခံရရှိသောအခါ စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်သည် ယင်းသတိပေးစာ အား အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည်။
(ဆ) ပုဒ်မခွဲ (စ) အရ ထိုကဲ့သို့ အတည်ပြု သတိပေးစာအား ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီများ ၏ မှတ်ပုံတင်အရာရှိထံတွင် ကုမ္ပဏီအမည်အား စာရင်းမှ ပယ်ဖျက်ရမည်။
(ဇ) ပုဒ်မခွဲ (စ)အရ သတိပေးစာ ထုတ်ပြန်သည့်အချိန်မှစ၍ ဘဏ်သည် တရားဝင်ဖျက်သိမ်းပြီး ဖြစ်ရ မည်။
(ဈ) ပုဒ်မခွဲ (ဆ) အရ ဘဏ်တစ်ခုအား ဖျက်သိမ်းခြင်းသည် ဘဏ်၏ ပိုင်ရှင်၊ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ် သို့မဟုတ် အခြားသောအရာရှိတစ်ဦးဦးနှင့် စပ်လျဉ်း၍ ဤဥပဒေနှင့်တည်ဆဲဥပဒေ တစ် ရပ်ရပ်အရ သို့မဟုတ် ဤဥပဒေအရပေးရန် တာဝန်ရှိသည်များအပေါ် အကျိုးသက်ရောက်မှု မရှိစေရ။ သို့ရာတွင် အဆိုပါပေးရန် တာဝန်ကိုဘဏ်အား တရားဝင်ဖျက်သိမ်းမှု မပြုရသေးသကဲ့သို့ ဆက်လက် အကျိုးသက်ရောက်မှု ရှိစေရမည်။