ပုဒ်မ ၃၇၇
ပုဒ်မ ၃၇၇
ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု

ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက်။ အင်္ဂါဇာတ်တစ်ခုသည် အခြားအင်္ဂါဇာတ် တစ်ခုအတွင်းသို့ဝင်မိလျှင် ဤပုဒ်မ၌ ဖော်ပြ ထားသော ပြစ်မှုကျူးလွန်ခြင်းအတွက် လိုအပ်သောဓမ္မတာနှင့် ဆန့်ကျင်သည့် ကာမစပ်ယှက်မှု မြောက်ရန်လုံလောက်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ

စက်ရှင် တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။