လိုင်စင်ရရှိသူသည်-
(က) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။
(ဂ) လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခ၊ အသုံးပြုခ၊ ဝန်ဆောင်ခတို့အပြင် နည်းပညာအရသော် လည်းကောင်း၊ အချိန်အခါလိုအပ်ချက်အရသော်လည်းကောင်း ကောက်ခံမည့် အခကြေးငွေများကို သတ်မှတ်ချက်များနှင့်အညီ ပေးဆောင်ရမည်။
(ဃ) သက်ဆိုင်သည့် လုပ်ငန်းဆိုင်ရာကျင့်စဉ်များနှင့် လုပ်ငန်းဆောင်ရွက်မှု စံချိန်စံညွှန်းများကို လည်း ကောင်း၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ ညွှန်ကြားချက်များကိုလည်းကောင်း လိုက်နာရမည်။
(င) လိုင်စင်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်တွင် ထိခိုက်နစ်နာမှုမရှိစေရန် ဆောင်ရွက် ရမည်။