he Myanmar Telegraph Act, 1885 နှင့် The Myanmar Wireless Telegraphy Act, 1934 တို့အရ-
(က) ထုတ်ပေးထားသည့် သက်တမ်းမကုန်ဆုံးသေးသောလိုင်စင်ကို ဤဥပဒေအရ ထုတ်ပေးသည့် လိုင်စင်ဟု မှတ်ယူရမည်ဖြစ်ပြီး ထိုလိုင်စင်သက်တမ်းကုန်ဆုံးသည့်နေ့အထိသာ အတည်ဖြစ်စေရမည်။ ထိုလိုင်စင်သက်တမ်းကုန်ဆုံးသည့်အခါ ဆက်လက်လုပ်ကိုင်ဆောင်ရွက်လိုပါက လိုင်စင်သက်တမ်း မကုန်ဆုံးမီ ဤဥပဒေနှင့်အညီ လိုင်စင်လျှောက်ထားရယူရမည်။
(ခ) ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။