မည်သူမဆို ကျွန်များကိုအမြဲတစေ နိုင်ငံအတွင်းသို့သွင်းလျှင်၊ နိုင်ငံအပသို့ ထုတ်လျှင်၊ ရွှေ့ပြောင်း လျှင်၊ ဝယ်ယူလျှင်၊ ရောင်းချလျှင်၊ ကုန်ကူးလျှင် သို့မဟုတ် ရောင်းဝယ်လျှင် ထိုသူကိုထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထက်မပိုသော ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။