ဦးစီးဌာနသည် ပုဒ်မ ၅၅ ပါ အောက်ပါအစီအစဉ်များ ချမှတ်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရမည်-
(က) ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသေးသည့် နယ်မြေဒေသများကို သတ်မှတ်ခြင်း၊
(ခ) အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း ဆိုင်ရာရည်မှန်းချက် (universal target) ချမှတ်ခြင်း၊
(ဂ) လိုင်စင်ရသူများမှ လိုက်နာဖြည့်ဆည်းပေးရမည့် အများပြည်သူအကျိုးငှာ နေရာဒေသမရွေး အခြေခံဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းခြင်းဆိုင်ရာတာဝန်ဝတ္တရားများ (universal service obligation) သတ်မှတ်ခြင်း။