ပုဒ်မ ၂၀
ပုဒ်မ ၂၀
ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးများ

(က) ဥပဒေနှင့်အညီတည်ထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ဘဏ်မဟုတ်သော ငွေရေး ကြေးရေးအဖွဲ့အစည်းအဖြစ် ထူထောင်လိုသူသည် ဗဟိုဘဏ်၏ မှတ်ပုံတင်လက်မှတ်ရရှိရန် ဗဟိုဘဏ် သို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

(ခ) ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီက ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း လုပ်ငန်းကို လုပ်ကိုင်သူများသည် ဆက်လက်လုပ်ကိုင်လိုပါက ဗဟိုဘဏ်၏ မှတ်ပုံတင်လက်မှတ်ရရှိရန် ဤဥပဒေ ပြဋ္ဌာန်းသည့်နေ့မှ ခြောက်လအတွင်း ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။