ဝန်ကြီးဌာနသည် အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်း ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်ခြင်း သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်ခြင်းတို့ကိုကာကွယ်တားဆီးရေးအတွက်ကြိုတင်သိရှိနိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အချက်အလက်ဆန်းစစ်ခြင်းနှင့် ဒီဂျစ်တယ် ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းများပြုလုပ်ရန် သက်ဆိုင်ရာပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်အား တာဝန် ပေးအပ်နိုင်သည်။