ပုဒ်မ ၂၉၁
ပုဒ်မ ၂၉၁
တားဝရမ်းထုတ်ဆင့်ပြီးနောက် နှောင့်ယှက်မှုကို ဆက်လက်၍ပြုခြင်း

အများပြည်သူ နှောင့်ယှက်မှုကို ထပ်မံ၍သော်လည်းကောင်း၊ ဆက်လက်၍ သော်လည်းကောင်း မပြုရဟု တားဝရမ်းထုတ်ရန်ဥပဒေနှင့်အညီ အခွင့်အာဏာရှိသော ပြည်သူ့ဝန်ထမ်း၏ တားမြစ်ခြင်းကိုခံရ ပြီးသော မည်သူမဆို အများပြည်သူ နှောင့်ယှက်မှုကိုထပ်မံ၍ သို့မဟုတ် ဆက်လက်၍ပြုလျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်