ပုဒ်မ ၄၅၀
ထောင်ဒဏ်နှစ် နှစ်ဆယ်ထိုက်သည့်ပြစ်မှုကျူးလွန်ရန် အိမ်ကျော်နင်းမှု
မည်သူမဆို ထောင်ဒဏ်နှစ် နှစ်ဆယ်ထိုက်သည့် ပြစ်မှုကိုကျူးလွန်ရန်အလို့ငှာ အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို ဆယ်နှစ်ထက်မပိုသည့် ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ မပေးနိုင်
- ကျေအေးခွင့် မရှိ
- စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။
Related Law