ပုဒ်မ ၃၇၀
ပုဒ်မ ၃၇၀
သူတစ်ဦးဦးကို ကျွန်အဖြစ် ဝယ်ယူမှု သို့မဟုတ် စီမံခန့်ခွဲမှု

မည်သူမဆို သူတစ်ဦးဦးအား ကျွန်အဖြစ်ဖြင့် နိုင်ငံအတွင်းသို့သွင်းလျှင်၊ နိုင်ငံအပသို့ ထုတ်လျှင်၊ ရွှေ့ပြောင်းလျှင်၊ ဝယ်ယူလျှင်၊ ရောင်းချလျှင် သို့မဟုတ် စီမံခန့်ခွဲလျှင် သော်လည်းကောင်း၊ သူတစ်ဦးဦး အား ထိုသူ၏ ဆန္ဒနှင့်ဆန့်ကျင်၍ ကျွန်အဖြစ် လက်ခံလျှင်၊ ရရှိလျှင် သို့မဟုတ် ထိန်းသိမ်းလျှင်သော် လည်းကောင်း ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5.  စက်ရှင်တရားရုံး က စစ်ဆေးနိုင်သည်။