ပုဒ်မ ၄(ဓ)
ပုဒ်မ ၄(ဓ)
ကွန်ပျူတာစနစ်

ကွန်ပျူတာစနစ် ဆိုသည်မှာ ပရိုဂရမ်တစ်ခုခုဖြင့် အချက်အလက်များကို အလိုအလျောက် လုပ်ဆောင်လည်ပတ်စေနိုင်မည့် ပစ္စည်းတစ်မျိုးမျိုး၏ စနစ်ကိုဖြစ်စေ၊ အပြန်အလှန် ဆက်သွယ် တည်ဆောက်ထားသော သို့မဟုတ် ဆက်စပ်လျက်ရှိသော ပစ္စည်းများပါဝင်သည့် ပစ္စည်း၏ စနစ်ကိုဖြစ်စေ ဆိုသည်။ ယင်းစကားရပ်တွင် ကွန်ပျူတာစနစ်နှင့် ချိတ်ဆက်အသုံးပြုသော အချက်အလက်သိမ်းဆည်း သည့်ပစ္စည်း (Removable Storage Medium) တစ်မျိုးမျိုး၏ စနစ်လည်း ပါဝင်သည်။