ပုဒ်မ ၄၄၇
ပုဒ်မ ၄၄၇
ရာဇဝတ်မကင်းသော ကျော်နင်းမှုအတွက် ပြစ်ဒဏ်

မည်သူမဆို ရာဇဝတ်မကင်းသော ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို သုံးလထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသောင်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံပေးရမည်။      
  4. ကျေအေးခွင့် ရှိသည်။
  5.  မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။