ပုဒ်မ ၄၅၃
ပုဒ်မ ၄၅၃
ပုန်းလျှိုးအိမ်ကျော်နင်းမှုအတွက် သို့မဟုတ် အိမ်ဖောက်ထွင်းမှုအတွက် ပြစ်ဒဏ်

မည်သူမဆို ပုန်းလျှိုးအိမ်ကျော်နင်းမှုကိုဖြစ်စေ၊ အိမ်ဖောက်ထွင်းမှုကိုဖြစ်စေ ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်။