ပုဒ်မ ၃၉၄
ပုဒ်မ ၃၉၄
လုယက်မှု ကျူးလွန်ရာတွင် မိမိအလိုအလျောက် နာကျင်စေမှု

သူတစ်ဦးဦးသည် လုယက်မှုကို ကျူးလွန်ရာတွင်ဖြစ်စေ၊ ကျူးလွန်ရန် အားထုတ်ရာတွင်ဖြစ်စေ သူတစ်ဦးဦးကို မိမိအလိုအလျောက် နာကျင်စေလျှင် ထိုသို့ နာကျင်စေသူကိုလည်းကောင်း၊ အဆိုပါ လုယက် မှုကို ကျူးလွန်ရာတွင်ဖြစ်စေ၊ ကျူးလွန်ရန် အားထုတ်ရာတွင်ဖြစ်စေ ထိုသူနှင့်ပူးတွဲပါဝင်သော အခြားသူ တစ်ဦးဦးကိုလည်းကောင်း၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ဆယ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ မပေးနိုင်.
  4. ကျေအေးခွင့် မရှိ

ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။