ပုဒ်မ ၄၄၉
သေဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အိမ်ကျော်နင်းမှု
မည်သူမဆို သေဒဏ်ထိုက်သော ပြစ်မှုကိုကျူးလွန်ရန်အလို့ငှာ အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထက်မပိုသည့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ မပေးနိုင်
- ကျေအေးခွင့် မရှိ
- စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။
Related Law