ပုဒ်မ ၂၂၅-က
ပုဒ်မ ၂၂၅-က
အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိသောအမှုများတွင် ပြည်သူ့ဝန်ထမ်းက ဖမ်းဆီးရန် ပျက်ကွက်ခြင်း သို့မဟုတ် အချုပ်မှ လွတ်ပြေးသည်ကို လျစ်လျူရှုခြင်း

မည်သူမဆို ပုဒ်မ ၂၂၁၊ ၂၂၂၊ ၂၂၃ နှင့် တည်ဆဲ အခြားဥပဒေတစ်ရပ်ရပ်၌ ပြဋ္ဌာန်းထားခြင်း မရှိသော အမှုတွင် သူတစ်ဦးဦးကို ဖမ်းဆီးရန်ဖြစ်စေ၊ ချုပ်ထားရန်ဖြစ်စေ ဥပဒေ နှင့်အညီ တာဝန်ရှိသော ပြည်သူ့ဝန်ထမ်းသည် ထိုသူကို ဖမ်းဆီးရန် ပျက်ကွက်လျှင် သို့မဟုတ် ထိုသူအချုပ်မှ လွတ်ပြေးသည်ကို လျစ်လျူရှုလျှင် ထိုပြည်သူ့ ဝန်ထမ်းကို အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်ရမည် -

(က) တမင်ပျက်ကွက်လျှင် သို့မဟုတ် တမင်လျစ်လျူရှုလျှင် သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင်

(ခ) ပေါ့လျော့မှုကြောင့် ပျက်ကွက်ခြင်းကိုလည်းကောင်း၊ လျစ်လျူရှုခြင်းကိုလည်းကောင်း ဖြစ်စေလျှင် နှစ်နှစ်ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

 

ကျင့်ထုံး
  •  (က) 
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ ပေးရမည်။        
  4. ကျေအေးခွင့် မရှိ.
  5. ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။

 

  • (ခ)
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံ ပေးရမည်။        
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။