ပုဒ်မ ၁၀၅
ပုဒ်မ ၁၀၅
အစုရှယ်ယာပိုင်ဆိုင်သူ၏ အခွင့်အရေး

 (က) ဤအခန်းပါ ကိစ္စရပ်အလို့ငှာ ဘဏ်ပိုင်ရှင်၏ ကိုယ်စားလှယ်ကသာ ဗဟိုဘဏ်၏ အရေး ယူမှုအပေါ် ကျေနပ်မှု မရှိကြောင်း ဗဟိုဘဏ်သို့ တင်ပြခွင့်ရှိသည်။

(ခ) ပိုင်ဆိုင်သူများ၏ ကိုယ်စားလှယ်အဖြစ် အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးက ဆောင်ရွက်နိုင်သည်-

(၁) ဘဏ်၏ ပိုင်ရှင်များက အများဆန္ဒဖြင့် ဘဏ်၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ၊

(၂) ဘဏ်၏ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌရာထူး ဆောင်ရွက်နေသူ သို့မဟုတ် ထိုသူက ကိုယ်စားလှယ်အဖြစ် အခွင့်အာဏာ လွှဲအပ်ခြင်း ခံရသူ။

(ဂ) ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်လိုပါက ပုဒ်မ ၁၀၄၊ ပုဒ်မခွဲ (ခ)နှင့် (ဂ) တို့အရ ဗဟို ဘဏ်၏ ကြေညာချက်ကို ရရှိသည့်နေ့မှ ၁၄ရက်အတွင်း ဘဏ်၏ပိုင်ရှင်များက ကန့်ကွက်စာတင်နိုင် သည်။

(ဃ) ကန့်ကွက်သောစာကို ဗဟိုဘဏ်က သတ်မှတ်အချိန်အတွင်း လက်ခံရရှိခြင်းမရှိပါက ပိုင်ရှင်များက သဘောတူညီသည်ဟု မှတ်ယူရမည်။

(င) ဗဟိုဘဏ်သည် သတ်မှတ်သည့် ၁၄ရက်အတွင်း ကန့်ကွက်စာရရှိပါက ကန့်ကွက်တင်ပြချက်ကို ပြန်လည်သုံးသပ်ကာ မိမိ၏အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အမိန့်အားပယ်ဖျက်ခြင်း သင့်လျော်သလို ပြုနိုင်သည်။ ထိုသို့ ပြုလုပ်ရာတွင် မိမိ၏ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက် ဖော်ပြရမည်။

(စ) ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်ကို ဘဏ်၏ ပိုင်ရှင်များ၏ ကိုယ်စားလှယ်ထံ ချက်ချင်းပေးပို့ရမည်။

(ဆ) ဗဟိုဘဏ်၏ အရေးယူမှုအားလုံးသည် ဗဟိုဘဏ်က ပယ်ဖျက်ခြင်း မပြုသမျှ တရားဝင် အတည် ဖြစ်စေရမည်။

(ဇ) ဗဟိုဘဏ်က ထုတ်ပြန်သော အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ဆုံးဖြတ်ချက်အမိန့်စာ သည် အပြီးအပြတ် အတည်ဖြစ်စေရမည်။