ကြားခံနယ်မြေ ဆိုသည်မှာ သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းတွင်ဖြစ်စေ၊ ၎င်းနယ်မြေ ၏ နယ်နိမိတ်အစပ်တွင် ဖြစ်စေ အမာခံထိန်းသိမ်းရေးနယ်မြေနှင့် ဆက်စပ်နေပြီး အမာခံ ထိန်းသိမ်းရေးနယ်မြေကို ထိခိုက်မှုမရှိစေဘဲ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရန်နှင့် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲခြင်း နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဤဥပဒေအရ ကြားခံအဖြစ် သတ်မှတ်ထားသော နယ်မြေကို ဆိုသည်။