ပုဒ်မ ၈၇
ပုဒ်မ ၈၇
ဗဟိုဘဏ်သို့ပေးပို့ရသော အချိန်ကာလအလိုက် အစီရင်ခံစာများ

(က) ဘဏ်အသီးသီးသည် ငွေရေးကြေးရေးအစီရင်ခံစာများကို ကာလအပိုင်းအခြားအလိုက် ပြုစု ပြီး ဗဟိုဘဏ်သို့ အစီရင်ခံရမည်။

(ခ) ပုဒ်မခွဲ (က)အရ လိုအပ်သော အစီရင်ခံစာအသီးသီးကို-

     (၁) ဗဟိုဘဏ်က သတ်မှတ်သည့်ပုံစံနှင့် သတ်မှတ်သည့်ကာလအတွင်း တင်ပြရမည်။

      (၂) ဘဏ်၏ အမှုဆောင်အရာရှိချုပ်နှင့် ဘဏ္ဍာရေးအရာရှိချုပ်တို့က မှန်ကန်ကြောင်း သက်သေခံလက် မှတ်ရေးထိုးရမည်။

(ဂ) လိုင်စင်ရ နိုင်ငံခြားဘဏ်ခွဲများ၏ အစီရင်ခံစာများတွင် ၎င်းတို့၏ ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန် များ၊ ဝင်ငွေများ၊ ကုန်ကျစရိတ်များ၊ စီမံခန့်ခွဲမှုများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ပါဝင်စေရမည်။

(ဃ) ဤပုဒ်မအရ တင်ပြရန် လိုအပ်သည့် အစီရင်ခံစာတစ်ခုခုကို တင်သွင်းရန် ပျက်ကွက်လျှင် ဤဥပဒေအရ ပြစ်မှုကျူးလွန်ရာ ရောက်သည်။