ပုဒ်မ ၂၃၉
ပုဒ်မ ၂၃၉
လက်ရှိရထားသော ဒင်္ဂါးသည် အတုဖြစ်မှန်း သိလျက်နှင့် ထိုဒင်္ဂါးကို ပေးအပ်ခြင်း

မည်သူမဆို လက်ရှိရထားသော ဒင်္ဂါးအတုသည် လက်ဝယ်ရရှိစဉ်က ဒင်္ဂါးအတု ဖြစ်မှန်းသိလျက် နှင့် လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်ရန်အကြံဖြင့် ဖြစ်စေ ထိုဒင်္ဂါးအတုကို သူတစ်ဦးဦးသို့ ပေးအပ်လျှင် သို့မဟုတ် သူတစ်ဦးဦးကို လက်ခံအောင် သွေးဆောင်ရန် အားထုတ်လျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. ကနဦးကပင် ဝရမ်းထုတ်ဖမ်းဆီးခွင့် ရှိသည်
  3. အာမခံ မပေးနိုင်.
  4. ကျေအေးခွင့် မရှိ

ခရိုင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။