ပုဒ်မ ၄(ဇ)
ပုဒ်မ ၄(ဇ)
ဆိုက်ဘာလုံခြုံရေး

ဆိုက်ဘာလုံခြုံရေး ဆိုသည်မှာ သတင်းအချက်အလက်၊ ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အီလက်ထရောနစ်သတင်းအချက်အလက်ကို ခွင့်ပြုချက်မရှိဘဲ ရယူမှု၊ ထုတ်ဖော်ရေးသားမှု၊ ပြောဆိုမှု၊ ပေးပို့မှု၊ ဖြန့်ဝေမှု၊ အသုံးပြုမှု၊ နှောင့်ယှက်မှု၊ ပြုပြင် ပြောင်းလဲမှု၊ ဖျက်ဆီးမှု သို့မဟုတ် အရေးကြီးသတင်း အချက်အလက်အခြေခံအဆောက်အအုံကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှု၊ နှောင့်ယှက်မှု၊ ပြုပြင်ပြောင်းလဲမှု၊ ဖျက်ဆီးမှုနှင့် ၎င်းတို့ကိုပြုလုပ်ရန်ကြိုးပမ်းအားထုတ်မှုအား ကာကွယ်ခြင်းလုပ်ငန်းကို ဆိုသည်။