(က) ဘဏ်သည် မိမိတို့၏ လုပ်ငန်းများလည်ပတ်မှုနှင့် ငွေရေးကြေးရေး အခြေအနေတို့ကို ထင် ဟပ်စေရန် လုံလောက်သော ငွေစာရင်းများထိန်းသိမ်းခြင်းနှင့် အချိန်ကာလအလိုက် ငွေရေးကြေးရေး ရှင်းတမ်းများ ပြုစုခြင်းတို့ကို နိုင်ငံတကာက လက်ခံထားသော စာရင်းရေးသွင်းခြင်းဆိုင်ရာ စံသတ်မှတ် ချက်များနှင့်အညီ ဗဟိုဘဏ်က စည်းမျဉ်းများဖြင့် သတ်မှတ်သည့် အတိုင်း ဆောင်ရွက်ရမည်။
(ခ) အဆိုပါ စည်းမျဉ်းများနှင့် လိုက်နာဆောင်ရွက်မှုကို အခြားဥပဒေတစ်ရပ်ရပ်တွင်ဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ သတ်မှတ်ထားသည့် စာရင်းရေးသွင်းခြင်းဆိုင်ရာ စံသတ်မှတ်ချက်နှင့်အညီ လိုက် နာဆောင်ရွက်သည်ဟု မှတ်ယူရမည်။
(ဂ) ပုဒ်မခွဲ (က) ပါယေဘုယျ ပြဋ္ဌာန်းချက်ကို ကန့်သတ်ခြင်းမပြုဘဲ နိုင်ငံခြားဘဏ်ခွဲ အသီးသီးသည် သီးခြားငွေစာရင်း စာအုပ်များ၊ ငွေစာရင်းများနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားရမည်။ ထို့ပြင် အရှုံး အမြတ်စာရင်းများ အပါအဝင် ငွေရေးကြေးရေးရှင်းတမ်းတို့ကို ယင်းနိုင်ငံခြားဘဏ်၊ ဘဏ်ခွဲ၏ ရရန်ပိုင် ခွင့်များ၊ ပေးရန်တာဝန်များ၊ ဝင်ငွေများနှင့် ကုန်ကျစရိတ်များကို ရှင်းလင်းစွာ ထင်ဟပ်ပေါ်လွင်စေရန် နိုင်ငံခြားဘဏ်က ပိုင်ဆိုင်သော အခြားငွေစာရင်းစာအုပ်များ၊ ငွေစာရင်းများ၊ မှတ်တမ်းများနှင့် ငွေရေး ကြေးရေးရှင်းတမ်းနှင့် ခွဲခြား၍ ပြုစုရမည်။