လိုင်စင်ရရှိသူသည် ဗဟိုဘဏ်၏စာဖြင့် ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အောက်ပါတစ်ခုခုကို မပြုလုပ် ရ-
(က) မိမိဘဏ်လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရောင်းချခြင်း၊
(ခ) အခြားဘဏ်၏ လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဝယ်ယူခြင်း၊
(ဂ) အခြားဘဏ်တစ်ခုခုနှင့် ပူးပေါင်းခြင်း၊
(ဃ) နိုင်ငံခြားဘဏ်က မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းတစ်ခုလုံးကိုဖြစ်စေ ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဝယ်ယူခြင်း၊
(င) နိုင်ငံခြားဘဏ်က မြန်မာနိုင်ငံရှိ ၎င်း၏ ဘဏ်လုပ်ငန်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ရောင်းချခြင်း။