ပုဒ်မ ၄၁၄
ပုဒ်မ ၄၁၄
ခိုးရာပါပစ္စည်းကို ဝှက်ထားရာတွင် ကူညီခြင်း

မည်သူမဆို ခိုးရာပါပစ္စည်းမှန်းသိလျက်နှင့်သော်လည်းကောင်း၊ သို့ယုံကြည်ရန် အကြောင်း ရှိလျက်နှင့် သော်လည်းကောင်း၊ ထိုပစ္စည်းကို ဝှက်ထားရာတွင် သို့မဟုတ် စီမံခန့်ခွဲရာတွင် သို့မဟုတ် ဖျောက်ဖျက်ရာတွင် မိမိအလိုအလျောက်ကူညီလျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3. အာမခံမပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင်တရားရုံး သို့မဟုတ် မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်။