(က) မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၂၀ အထိ ငွေဒဏ်လည်းချမှတ်နိုင်သည်-
(၁) မိမိ၏ အုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်အား ပြည့်တန်ဆာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်း ပြုနေသူနှင့် အတူနေစေရန် ခွင့်ပြုခြင်း၊
(၂) မိမိ၏ အုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်သည် ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသည်ကို သိလျက်နှင့် တမင်လျစ်လျူရှုခြင်း၊
(၃) ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ ကိုယ်ကာယအလှပြင်ခန်း သို့မဟုတ် စားသောက် ဆိုင်တွင် ကလေးသူငယ်အား ပြည့်တန်ဆာကိစ္စအလို့ငှာ ပေါင်းသင်းဆက်ဆံရန် ခိုင်းစေခြင်း သို့မဟုတ် ခွင့်ပြုခြင်း၊
(၄) ကလေးသူငယ်ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်း သို့မဟုတ် ယင်းကိစ္စ အလို့ငှာကမ်းလှမ်းခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ပိုင်ဆိုင်ခြင်း၊ ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်း၊
(၅) အတင်းအကြပ်လက်ထပ်ခြင်း သို့မဟုတ် လက်ထပ်စေခြင်း။
(ခ) မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးနှစ်နှစ်မှ အများဆုံးတစ်ဆယ်နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၁၂ သိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်-
(၁) ကလေးသူငယ်ကိုပြည့်တန်ဆာပြုလုပ်ခိုင်းစေခြင်း၊
(၂) ကလေးသူငယ်အား ပြည့်တန်ဆာအဖြစ် ခိုင်းစေ၍ ရှာဖွေရရှိသည့် အကျိုးစီးပွားကိုမှီခို၍ အသက်မွေးခြင်း၊
(၃) လိင်ပိုင်းဆိုင်ရာ အလွဲသုံးခြင်း သို့မဟုတ် ခေါင်းပုံဖြတ်ခြင်းပြုရန် ကလေးသူငယ်ကိုအသုံးပြုခြင်း၊ ငွေ သို့မဟုတ် ပစ္စည်းကိုပေး၍ခေါ်ယူခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း သို့မဟုတ် ကမ်းလှမ်းခြင်း။