ပုဒ်မ ၃၈
ပုဒ်မ ၃၈
အုပ်ထိန်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း

ကလေးသူငယ်ကို အုပ်ထိန်းလိုသော အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးသည် အုပ်ထိန်းသူအဖြစ် ခန့်အပ် တာဝန်ပေးသည့် စီရင်ချက်နှင့် ဒီကရီချမှတ်ပေးရန် သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားနိုင်သည်-

(က) မိဘများကွဲကွာခြင်း သို့မဟုတ် ကွာရှင်းခြင်း ဖြစ်ပွားပြီးနောက် ကလေးသူငယ်ကို အုပ်ထိန်းလို သူ၊

(ခ) လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ် ကို ကြီးပြင်းလာအောင် ကျွေးမွေးပြုစုစောင့်ရှောက်ရေးနှင့် ကလေးသူငယ်က ပိုင်ဆိုင်သော ပစ္စည်းများ ကို စီမံခန့်ခွဲရေးအတွက် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားဖြစ်ထွန်းမှုကို လိုလားသော ကလေးသူငယ်အား အုပ်ထိန်းလိုသူ။