ပုဒ်မ ၂၄၅
ဒင်္ဂါးစက်ရုံမှ ဒင်္ဂါးသွန်းကိရိယာကို ဥပဒေနှင့်ဆန့်ကျင်၍ ထုတ်ယူခြင်း
မည်သူမဆို နိုင်ငံတော်တွင် ဥပဒေနှင့်အညီ တည်ထောင်သည့် ဒင်္ဂါးစက်ရုံမှ ဒင်္ဂါးသွန်း တန်ဆာ ပလာကိုဖြစ်စေ၊ ကိရိယာကိုဖြစ်စေ ဥပဒေနှင့်ဆန့်ကျင်၍ ထုတ်ယူလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ မပေးနိုင်.
- ကျေအေးခွင့် မရှိ
- ခရိုင်တရားရုံးက စစ်ဆေးနိုင်သည်။
Related Law