(က) ဗဟိုဘဏ်သည် ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ဇယား ဝင်အဖွဲ့အစည်းများ၏ သတင်းအချက်အလက်များကို စိစစ်အကဲဖြတ်နိုင်သည့် ပုဂ္ဂလိကချေးငွေ သတင်း အချက်အလက်ဌာနများတည်ထောင်ရန် လိုင်စင်ထုတ်ပေးရမည့်အပြင် ၎င်းတို့ကို ကြပ်မတ်ကွပ်ကဲရန် လုပ်ပိုင်ခွင့်ရှိသည်။
(ခ) မည်သူမျှ ဗဟိုဘဏ်ကထုတ်ပေးသည့် တရားဝင်လိုင်စင်မရှိဘဲ ပုဂ္ဂလိကချေးငွေ သတင်းအချက် အလက်ဌာနတစ်ခုကို တည်ထောင်လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုရ။