အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် လိုအပ်သောမူဝါဒများ၊ လမ်းညွှန်ချက်များနှင့် အစီအမံများ ချမှတ်ခြင်း၊
(ခ) ပုဒ်မခွဲ(က)အရ ချမှတ်ထားသော မူဝါဒများနှင့်အညီ ကလေးသူငယ်၏ အခွင့်အရေးများကို လေးစား ရေး၊ အကာအကွယ်ပေးရေးနှင့် အပြည့်အဝခံစားစေရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် လိုအပ်သော အရင်းအမြစ်များရရှိရေးအတွက် ဆောင်ရွက်ခြင်း၊
(ဂ) မိမိ၏လုပ်ငန်းတာဝန်များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ငန်း ကော်မတီများနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊
(ဃ) သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(င) ပြည်တွင်းပြည်ပစေတနာရှင်များထံမှ လှူဒါန်းငွေများ၊ ပစ္စည်းများ လက်ခံရယူရေးနှင့် ယင်းလှူဒါန်း ငွေများ၊ ပစ္စည်းများကို ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားများအတွက် ရန်ပုံငွေထူထောင်ပြီး ထိရောက်စွာ အသုံးပြုစေရေးတို့အတွက် လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊
(စ) ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများနှင့် ဟောပြောပွဲများကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ သင့်လျော်သလို ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ) ကလေးသူငယ်များ ပြစ်မှုမကျူးလွန်စေရေးအတွက် ကြိုတင်ကာကွယ်သည့်အစီအမံများ ချမှတ် ဆောင်ရွက်ခြင်း၊
(ဇ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ် များ တိုးတက်မှုအခြေအနေကို အခါအားလျော်စွာ စိစစ်သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း၊
(ဈ) ကလေးသူငယ်ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သော အစီရင်ခံစာများ၊ စာရင်းဇယား များကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများထံမှ တောင်းခံရယူစုစည်းပြီး နှစ်စဉ်ပြုစု၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊
(ည) ပြည်ထောင်စုအစိုးရအဖွဲ့က လမ်းညွှန်သည့် ကလေးသူငယ်ဆိုင်ရာ အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။