ပုဒ်မ ၁၀၈
ပုဒ်မ ၁၀၈
အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

အပြီးအပိုင် အပ်နှင်းခွင့်ရရှိသူသည် အောက်ပါအချက်များနှင့် ကိုက်ညီရမည်-

(က) ပုဒ်မ ၁၀၇ အရ ထုတ်ပြန်သော အမိန့်နှင့်သက်ဆိုင်သည် ဘဏ်၏ အပြီးအပိုင်အပ်နှင်း ရရှိသည့် ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ရယူရာတွင် လွှဲပြောင်းပေးသူအဖွဲ့အစည်း၏ ငွေအပ်နှံသူများနှင့် မြီရှင်များ၏ အကျိုး သို့မဟုတ် အများပြည်သူအကျိုး ဖြစ်သည်ကို ခိုင်လုံစွာ ဆုံးဖြတ်နိုင်ခြင်း၊

(ခ) လွှဲပြောင်းလက်ခံသည့် အဖွဲ့အစည်းသည် ဘဏ်လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရာတွင် လုပ်ကိုင်နိုင်စွမ်းရည်ရှိခြင်း၊

(ဂ) အပြီးအပိုင် အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်ကို အသုံးပြုခြင်းနှင့် လက်ရှိပေးရန်တာဝန်ကို ဖြေရှင်း ခြင်းနှင့်စပ်လျဉ်း၍ လွှဲပြောင်းလက်ခံသည့်အဖွဲ့အစည်းက ဗဟိုဘဏ်က ချမှတ်သော စည်းကမ်း ချက်များကို လိုက်နာမည်ဖြစ်ကြောင်း သဘော တူညီခြင်း။