ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးအဖွဲ့အစည်း၏ဒါရိုက်တာ အဖွဲ့ဝင်များ၊ အမှုဆောင် အရာရှိများ၊ အစုရှယ်ယာပိုင်ရှင်များ၊ စီမံခန့်ခွဲသူများ၊ မန်နေဂျာများ၊ ဝန်ထမ်း များက ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖြစ်စေ ဖောက်ဖျက်ပါက အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-
(က) သတိပေးခြင်း၊
(ခ) ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊
(ဂ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကန့်သတ်ချက် အပါအဝင်ဖြစ် သည့် အမိန့်များချမှတ်ခြင်း၊
(ဃ) ငွေရေးကြေးရေးအဖွဲ့အစည်းအတွင်း တာဝန်ထမ်းဆောင်ခြင်းမှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်း။