လွှဲပြောင်းနိုင်သောစာချုပ်စာတမ်း ဆိုသည်မှာ ခရီးသွားချက်လက်မှတ်၊ ကိုင်ဆောင်သူလွှဲပြောင်း နိုင်သောပုံစံဖြင့် ရှိသည်ဖြစ်စေ၊ ကန့်သတ်ချက်မထားရှိဘဲ မှန်ကန်ကြောင်း၊ ထောက်ခံချက်ပေးထားသည် ဖြစ်စေ၊ ဖန်တီးထားသော ငွေလက်ခံသူအမည်ဖြည့်စွက်၍ဖြစ်စေ၊ လွှဲပြောင်းပေးအပ်ရန်အကျုံးဝင်သည့် အခြားပုံစံဖြင့်ဖြစ်စေ ရှိသည့်ချက်လက်မှတ်၊ ငွေပေးကတိစာချုပ်၊ ငွေလွှဲစာချုပ်နှင့် ငွေပေးအမိန့်အပါအဝင် လွှဲပြောင်းနိုင်သော ငွေရေးကြေးရေးဆိုင်ရာစာချုပ်စာတမ်းများကိုဆိုသည်။ ယင်းစကားရပ်တွင် လက်မှတ် ရေးထိုးထားသော်လည်း ငွေပေးချေမှုကို လက်ခံမည့်သူ၏အမည်ကို ဖော်ပြထားခြင်းမရှိသော ချက်လက်မှတ်၊ ငွေပေးကတိစာချုပ်၊ ငွေလွှဲစာချုပ်နှင့် ငွေပေးအမိန့်အပါအဝင် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် စာချုပ်စာတမ်းကဲ့သို့သော လွှဲပြောင်းနိုင်သည့်ပုံစံဖြင့်ရှိသည့် ငွေရေးကြေးရေးဆိုင်ရာ စာချုပ်စာတမ်းများ ပါဝင်သည်။