ပုဒ်မ ၂
ပုဒ်မ ၂
အမည်၊ စီရင်ပိုင်ခွင့်နှင့် အဓိပ္ပာယ်ဖော်ပြချက်

ကလေးသူငယ်ကို ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခိုင်းစေခြင်း သို့မဟုတ် ကလေးသူငယ် ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်းဆိုင်ရာပြစ်မှုတစ်ခုခုသည် အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီလျှင် ဤဥပဒေဖြင့်သာ စီရင်ပိုင်ခွင့်ရှိစေရမည်-

(က) နိုင်ငံတော်အတွင်း မည်သူမဆို ကျူးလွန်ခြင်း၊

(ခ) နိုင်ငံသားကဖြစ်စေ၊ နိုင်ငံတော်တွင် အမြဲတမ်းနေထိုင်ပြီး နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူကဖြစ်စေ၊ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိသည့် နိုင်ငံခြားသားကဖြစ်စေ ကလေးသူငယ်တစ်ဦးဦးအပေါ် ပြည်ပတွင် ကျူးလွန်ခြင်း၊

(ဂ) နိုင်ငံတော်၏ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်ပြီး နိုင်ငံတော်အလံလွှင့်ထူခွင့်ရှိသော ရေယာဉ် သို့မဟုတ် လေယာဉ်ပေါ်တွင် ကျူးလွန်ခြင်း၊

(ဃ) ဤဥပဒေ အခန်း (၁၈) ပါ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသူအား ပြည်ပနိုင်ငံတစ်ခုခုသို့ လွှဲပြောင်းပေးပို့ခြင်းမပြုသည့်ကိစ္စ၌ ထိုသူက နိုင်ငံတော်အတွင်းရှိနေခြင်း။