(က) ပုဒ်မ ၁၁၃၊ ပုဒ်မခွဲ (ခ) နှင့် (ဂ)တို့အရ အတည်ပြုချက်တစ်ခုအား ဗဟိုဘဏ်မှ ခွင့်မပြုသေးမီ အဆိုပါဆန္ဒအလျောက် လုပ်ငန်းရပ်စဲမည့် စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်သည် အောက်ပါတို့ကို ပြီးစီးအောင် ဆောင်ရွက်ရမည်-
(၁) ဘဏ်တွင် အပ်နှံထားသည့်ငွေများကို ငွေအပ်နှံသူများသို့ ပြန်လည်ထုတ်ပေးပြီး ဖြစ်ရမည်။
(၂) ဤဥပဒေအရ ပေါ်ပေါက်သည့် ငွေရေးကြေးရေး ပေးရန်တာဝန်များနှင့် ဆောင်ရွက်ရမည့် တာဝန် ဝတ္တရားများ အားလုံးကို ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်းနှင့် ယင်း၏ ယုံမှတ်အပ်နှံခြင်းဆိုင်ရာ လုပ်ပိုင် ခွင့်အရ ၎င်းထံတွင်ရှိသည့် ငွေနှင့် အခြားပစ္စည်းများ အားလုံးကို ပြန်လည်ပေးအပ်ပြီး ဖြစ်ရမည်။
(ခ) ပုဒ်မခွဲ (က)အရ လိုအပ်ချက်များအပြင် စာရင်းရှင်းလင်းဖျက်သိမ်းမည့်ဘဏ်သည်-
(၁) ဆောင်ရွက်နေဆဲ လုပ်ငန်းအားလုံးအား ဖျက်သိမ်းပြီး ဖြစ်ရမည်။
(၂) စာရင်းရှင်းလင်းဖျက်သိမ်းရန်ဖြစ်သည့် ဆောင်ရွက်ဆဲစီးပွားရေးလုပ်ငန်းများ အားလုံးအား ဖျက် သိမ်းပြီး အစီအစဉ်တကျ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအား အကျိုးသက်ရောက်မှုရှိစေမည့် လိုအပ် သည့် အခွင့်အာဏာကိုသာလျှင် ကျင့်သုံးရမည်။
(ဂ) ဗဟိုဘဏ်သည် စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်နှင့် ခွင့်ပြုချက်ရရှိအောင် ဆောင်ရွက်နေသော လူပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သည့် အစီရင်ခံစာများ စာရွက်စာတမ်းများ ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်း လင်းဖျက်သိမ်းခြင်း စီမံချက်အပါအဝင် အခြားသောသတင်းအချက်အလက်များကို တောင်းဆိုနိုင်သည်။
(ဃ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) ပါ လိုအပ်ချက်များကို ဖြည့်ဆည်းပြီးဖြစ်ကြောင်း သေချာမှု ရှိစေရန် အတွက် ခွင့်ပြုချက် ရရှိအောင် ဆောင်ရွက်နေသော လူပုဂ္ဂိုလ်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ် တို့ထံသို့ ညွှန်ကြားချက် ထုတ်ပြန်နိုင်သည်။
(င) စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်တစ်ခုသည် ပုဒ်မ ၁၁၃ နှင့် ဤပုဒ်မပါ လိုအပ်ချက်များအား မဖြည့်ဆည်းနိုင်လျှင် ဗဟိုဘဏ်သည် ဤဥပဒေပုဒ်မ ၉၇အရ အုပ်ချုပ်သူတစ်ဦးအား ခန့်အပ်ရမည်။