(က) ဗဟိုဘဏ်သည် အောက်ပါကိစ္စရပ်တစ်ခုခုအတွက်လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် ပြန်တမ်း တွင် အမိန့်ထုတ်ပြန်၍ ဤဥပဒေ၏ ပြဋ္ဌာန်းချက်အားလုံး သို့မဟုတ် အချို့သည် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ်ရုံး တစ်ခုခုနှင့်သော်လည်းကောင်း၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၊ လုပ်ငန်း သို့မဟုတ် ကိုယ်စားလှယ်ရုံးအတန်းအစား သို့မဟုတ် အမျိုးအစားတစ်ခုခုနှင့် သော်လည်းကောင်း ယေဘုယျအားဖြင့် သက်ဆိုင်စေရမည်ဟု ကြေညာနိုင်သည်-
(၁) ငွေကြေးတည်ငြိမ်မှုနှင့် ငွေရေးကြေးရေး စနစ်ခိုင်မာမှု မြှင့်တင်ရေး၊
(၂) နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ချေးငွေအခြေအနေကို ထိန်းကျောင်းပြုပြင်ရေး၊
(၃) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းကဖြစ်စေ၊ ကိုယ်စားလှယ်ရုံးကဖြစ်စေ လုပ်ကိုင်သောလုပ်ငန်း သို့မဟုတ် ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အများပြည်သူ၏ အကျိုးစီးပွားကို အကာအကွယ်ပေးရေး။
(ခ) ပုဒ်မခွဲ (က)အရ အမိန့်တစ်ရပ်ကို အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာသည့်အခါ အဆိုပါဘဏ် မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၊ ကိုယ်စားလှယ်ရုံး၊ ယင်းဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း သို့မဟုတ် ကိုယ်စားလှယ်ရုံး အတန်းအစား၊ အမျိုးအစားနှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဘဏ်နှင့် သက်ဆိုင်သကဲ့သို့ ယင်းဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်း၊ ကိုယ်စားလှယ်ရုံးနှင့် သော်လည်းကောင်း၊ ယင်းဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့ အစည်း သို့မဟုတ် ကိုယ်စားလှယ်ရုံး၏ အတန်းအစား သို့မဟုတ် အမျိုးအစားနှင့် သော်လည်းကောင်း သက်ဆိုင်စေရမည်။