ဗဟိုဘဏ်သည်-
(က) ပုဂ္ဂိုလ်တစ်ဦးက အီလက်ထရောနစ်ငွေကြေး သို့မဟုတ် ချေးငွေတိုကင်ကို အများပြည်သူထံ ထုတ် ပေးခြင်းမပြုနိုင်မီ ဗဟိုဘဏ်ထံတွင် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် စည်းကမ်းချက်များ၊ လိုအပ်ချက်များ နှင့် ဗဟိုဘဏ်က ယင်းမှတ်ပုံတင်ကို ဖျက်သိမ်းရမည့် သို့မဟုတ် ဖျက်သိမ်းနိုင်သည့် အခြေအနေကို သတ်မှတ်နိုင်သည်။
(ခ) အီလက်ထရောနစ် ငွေကြေးအသုံးပြုသူများ၏ ငွေကြေးလုံခြုံရေး၊ စာရင်းရေးသွင်းချက်နှင့် သတင်း ပေးပို့ချက်များ အပါအဝင် ကြပ်မတ်ကွပ်ကဲခြင်းဆိုင်ရာ လိုအပ်ချက်များကို သတ်မှတ်နိုင်သည်။
(ဂ) အီလက်ထရောနစ်ငွေကြေး သို့မဟုတ် ချေးငွေတိုကင်ကို ထုတ်ပေး၊ လက်ခံအသုံးပြုသည့် ပုဂ္ဂိုလ် များအကြား စာချုပ်စည်းကမ်းချက်များ၊ အစီအစဉ်များနှင့် ငွေပေးချေမှု လုပ်ထုံးလုပ်နည်းများကို ထုတ် ပြန်နိုင်သည်။
(ဃ) အီလက်ထရောနစ်ငွေကြေးလုပ်ငန်းကို စစ်ဆေးမှုလွယ်ကူစေရန် အီလက်ထရောနစ်ငွေကြေး သို့မဟုတ် ချေးငွေတိုကင် ထုတ်ဝေသူများအပေါ် စည်းမျဉ်းများ သတ်မှတ်နိုင်သည်။