ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသောဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ အောက်ဖော်ပြပါ လူမှုဝန်ထမ်းဦးစီးဌာန အဆင့်ဆင့်ကို ဖွဲ့စည်းတည်ထောင်၍ လိုအပ်သော လူမှုဝန်ထမ်း အရာရှိများနှင့် ကလေးသူငယ်ကြီးကြပ်သူများကို ခန့်အပ်တာဝန်ပေးနိုင်သည်-
(က) လူမှုဝန်ထမ်းဦးစီးဌာန၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူးရုံးနှင့် ပြည်ထောင်စုနယ်မြေ လူမှု ဝန်ထမ်းဦးစီးမှူးရုံး၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊
(ဃ) ခရိုင်လူမှုဝန်ထမ်း ဦးစီးမှူးရုံး၊
(င) မြို့နယ်လူမှုဝန်ထမ်း ဦးစီးမှူးရုံး။