ပုဒ်မ ၁၄၇
ပုဒ်မ ၁၄၇
ဘဏ်ပိတ်ရက်များ ကြေညာခြင်း

(က) ဗဟိုဘဏ်နှင့် စပ်လျဉ်း၍ တရားစွဲဆိုတင်သွင်းလာသော အမှုတစ်ခုခုကို စီရင်ပိုင်ခွင့် အာဏာရှိသည့် တရားရုံးတစ်ခုခုသည် ဗဟိုဘဏ်ကသော်လည်းကောင်း သို့မဟုတ် ဗဟိုဘဏ်၏ ကိုယ် စားဆောင်ရွက်ရန် ဗဟိုဘဏ်ကခန့်အပ်ထားသော ပုဂ္ဂိုလ်တစ်ဦးဦး၊ ဗဟိုဘဏ်၏ဝန်ထမ်း သို့မဟုတ် ကိုယ် စားလှယ်တစ်ဦးဦးက သော်လည်းကောင်း တရားရုံးရှေ့၌ ကြားနာရာ၌ အရေးယူဆောင် ရွက်မှုတစ်ခုနှင့် စပ်လျဉ်းသည့် အောက်ဖော်ပြပါ တို့ကို သုံးသပ်ရမည်-

(၁) ဗဟိုဘဏ်က ၎င်း၏ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ခြင်းရှိမရှိ၊

(၂) ဗဟိုဘဏ်က ဆုံးဖြတ်ရာတွင် လိုက်နာကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေအရ ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့် ကွဲလွဲပြီး ဆောင်ရွက်ခြင်း ရှိမရှိ၊

(၃) ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ သို့မဟုတ် ထုတ်ပြန်သည့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများသည် ဤဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ၊

(၄) ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်သည် ဤဥပဒေ သို့မဟုတ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၏ ပြဋ္ဌာန်း ချက်များနှင့် သိသာထင်ရှားစွာ ဆန့်ကျင်ခြင်း ရှိမရှိ။
 

(ခ) အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ဆိုစေကာမူ ဗဟိုဘဏ်က အရေးယူဆောင်ရွက်ချက် တစ်ရပ်ရပ်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တရားစွဲဆိုသည့် ကာလအတောအတွင်း ဆိုင်းငံ့ခြင်း သို့မဟုတ် ကန့်သတ်ခြင်းမရှိစေဘဲ ဆက်လက်၍ အကျိုးသက်ရောက်မှုရှိနေရမည် သို့တည်းမဟုတ် အယူ ခံပိုင်ခွင့်၊ ထပ်မံအယူခံပိုင်ခွင့် သို့တည်းမဟုတ် အယူခံခြင်းနှင့် စပ်လျဉ်း၍ အခြားတရားစွဲဆို ဆောင်ရွက် မှုရှိစေရမည်။

(ဂ) ဗဟိုဘဏ်ကပြုလုပ်သည့် အရေးယူဆောင်ရွက်မှုတစ်ခုခုအပေါ် တရားရုံးတစ်ရုံးရုံးက သက်သာခွင့် သို့မဟုတ် ပြင်ဆင်ခြင်း ပြုလုပ်ပါက ငွေကြေးဖြင့်သာ ပေးလျော်စေရမည်။

(ဃ) ဗဟိုဘဏ်အပေါ်ဖြစ်စေ၊ ပုဒ်မခွဲ (က)တွင် ရည်ညွှန်းဖော်ပြသည့် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ်ဖြစ်စေ အရေးယူဆောင်ရွက်မှု သို့မဟုတ် တရားစွဲဆိုမှုတစ်ခုခုကို သက်ဆိုင်ရာစီရင်ပိုင်ခွင့်ရှိသော တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွင်သာ စတင်စွဲဆိုရမည်။