ပုဒ်မ ၄၆၈
လိမ်လည်ရန်အလို့ငှာ လိမ်လည်အတုပြုမှု
မည်သူမဆို လိမ်လည်ရန်အလို့ငှာ လိမ်လည်အတုပြုထားသော စာတမ်းအမှတ်အသားကို သုံးစွဲ စေရန် ကြံရွယ်ချက်ဖြင့် လိမ်လည်အတုပြုမှုကိုကျူးလွန်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ မပေးနိုင်
- ကျေအေးခွင့် မရှိ
- စက်ရှင်တရားရုံး သို့မဟုတ် ပထမတန်း သို့မဟုတ် ဒုတိယတန်းအာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။
Related Law