လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် အောက်ပါအချက်တစ်ခုခု နှင့် ငြိစွန်းလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ -
(က) သာသနာ့ဝန်ထမ်းအဖြစ်သို့ အမြဲတမ်းကူးပြောင်းသွားခြင်း၊
(ခ) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရခြင်း၊
(ဂ) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံရခြင်း၊
(ဃ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ ထောင်ဒဏ်ကျခံရခြင်း၊
(င) သက်ဆိုင်ရာဥပဒေအရ နိုင်ငံသားအဖြစ်မှ ရပ်စဲသွားကြောင်း သတ်မှတ်ခံရခြင်း၊
(စ) မွေးဖွားစဉ်က မိဘတစ်ပါးပါးဖြစ်စေ၊ နှစ်ပါးလုံးဖြစ်စေ နိုင်ငံသားမဟုတ်ကြောင်း သက်ဆိုင်ရာ၏ သတ်မှတ်ခံရခြင်း၊
(ဆ) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ၊ နိုင်ငံခြားအစိုးရ၏ သြဇာခံယူသူ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူဟု ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ခံရခြင်း၊
(ဇ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူဟု ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ခံရခြင်း၊
(ဈ) လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ကော်မရှင်က နုတ်ထွက်ခွင့်ပြုခြင်း၊
(ည) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်းအဖွဲ့ အစည်းဝင်များနှင့် ဆက်သွယ်ကြောင်း ခိုင်လုံသောအထောက်အထားရှိသည်ဟု သက်ဆိုင်ရာ တရားရုံး ၏ ဆုံးဖြတ်ခံရခြင်း၊
(ဋ) ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဇ)၊ (ဈ) သို့မဟုတ် (ဌ) ပါ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဝင်ဖြစ်ကြောင်း ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ခံရခြင်း၊
(ဌ) ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဋ) ပါ နိုင်ငံဝန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီး အမှူးက အကြောင်းကြားခံရခြင်း။