ပုဒ်မ ၁၁
ပုဒ်မ ၁၁
လိုင်စင်

ဗဟိုဘဏ်သည်-

(က) ပြည့်စုံသည့် လျှောက်လွှာကိုရရှိပါက သတ်မှတ်ချက်များနှင့်အညီ ထပ်မံစိစစ်ပြီး လက်ခံရရှိသည့် နေ့ရက်မှ ခြောက်လထက် နောက်မကျစေဘဲ လျှောက်ထားသူအား လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း သို့မဟုတ် ငြင်းပယ်မည်ဖြစ်ကြောင်း စာဖြင့်ပြန်ကြား ရမည်။

(ခ) မပြည့်စုံသည့် လျှောက်လွှာကို လိုအပ်ချက်များ ထပ်မံလုပ်ဆောင်နိုင်ရန် ပြန်ပေးရမည်။ သတ်မှတ်ရက်အတွင်း လိုအပ်ချက်များ ပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်းမရှိသော လျှောက်ထားချက်နှင့် စပ်လျဉ်း၍ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ကြောင်း စာဖြင့် ပြန်ကြားရမည်။

(ဂ) လျှောက်ထားချက်လက်ခံရန် ဆုံးဖြတ်ပါက လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို သတ်မှတ် ဖော်ပြပေးရမည်။ ဗဟိုဘဏ်သည် ဘဏ်၏လုပ်ငန်းခိုင်မာတည်တံ့စွာ လုပ်ကိုင်ရေးကိုဖြစ်စေ၊ ငွေရေး ကြေးရေးစနစ်ကိုဖြစ်စေ၊ ဘဏ်သို့ ငွေအပ်နှံသူများ၏ အကျိုးစီးပွားကိုဖြစ်စေ ထိခိုက်နိုင်သည့် ကိစ္စရပ် တစ်ခုခုပေါ်ပေါက်လျှင် စည်းမျဉ်း၊ စည်းကမ်းတစ်ခုခုကို လိုအပ်သလို ပြောင်းလဲ ပြင်ဆင်နိုင်သည်။

(ဃ) ဗဟိုဘဏ်သည် လိုင်စင်ရဘဏ်များ၏ စာရင်းကို နှစ်စဉ်အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန် ကြေညာရမည်။