မည်သူမဆို လိမ်လည်အတုပြုထားသော စာတမ်းအမှတ်အသားဖြင့် သူတစ်ဦးဦး၏ ဂုဏ်သရေကို ထိခိုက်နစ်နာစေရန် ကြံရွယ်ချက်ဖြင့်သော်လည်းကောင်း၊ ထိုသို့ ထိခိုက်နစ်နာစေရန်အလို့ငှာ ထိုစာတမ်း အမှတ်အသားကို အသုံးပြုစေတန်ရာသည်ကို သိလျက်နှင့်သော်လည်း ကောင်း လိမ်လည်အတုပြုမှုကို ကျူးလွန်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။