ပုဒ်မ ၁၂၃
ပုဒ်မ ၁၂၃
ညှိနှိုင်းထားသည့် စာရင်းရှင်းလင်းခြင်း

(က) ဘဏ်အား စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ဗဟိုဘဏ်၏ ကြိုတင်သဘောတူညီချက်ရယူ၍ ဘဏ်၏ မြီစား၊ မြီရှင်တစ်ဦးဦး၏ တောင်းဆိုလွှာများ အပေါ်တွင် ညှိနှိုင်းထားသည့် စာရင်းရှင်းလင်းခြင်းများကို ပြုလုပ်ဆောင်ရွက်နိုင်သည်။

(ခ) စာရင်းရှင်းလင်းချက်များကို ဆန့်ကျင်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် အယူခံဝင်ခြင်းများ အရ မဖြစ်စေရ။