မည်သူမဆို အခြားသူတစ်ဦး၏ ကိုယ်ကိုသော်လည်းကောင်း၊ ဂုဏ်သရေကိုသော်လည်းကောင်း၊ ပစ္စည်းကိုသော်လည်းကောင်း ထိုအခြားသူက အကျိုးလိုလားသော သူ၏ကိုယ်ကိုသော်လည်းကောင်း၊ ဂုဏ်သရေကိုသော်လည်းကောင်း နစ်နာစေမည်ဟု ခြိမ်းခြောက်ရာတွင် ထိုသို့ ခြိမ်းခြောက်ခြင်းသည် ထိုသူအား ထိတ်လန့်ခြင်းဖြစ်စေရန် အကြံဖြင့်ခြိမ်းခြောက်ခြင်းဖြစ်လျှင် သို့မဟုတ် ခြိမ်းခြောက်သည့် အတိုင်း ပြုလုပ်ခြင်းခံရမည်ကိုရှောင်ရှားနိုင်ရန် အကြောင်းအဖြစ်ဖြင့် ဥပဒေအရပြုလုပ်ရန် တာဝန် မရှိသော ပြုလုပ်မှုကို ထိုသူအား ပြုစေရန် အကြံဖြင့်သော်လည်းကောင်း၊ ဥပဒေအရ ပြုလုပ်ပိုင်ခွင့်ရှိသော ပြုလုပ်မှုကို ထိုသူအား မပြုမလုပ်ပျက်ကွက်စေရန် အကြံဖြင့်သော်လည်းကောင်း ခြိမ်းခြောက်ခြင်း ဖြစ်လျှင် ထိုသူသည် ရာဇဝတ်မကင်းသော ခြောက်လှန့်မှုကို ကျူးလွန်သည်မည်၏။
ရှင်းလင်းချက်။ ခြိမ်းခြောက်ခြင်းခံရသူက အကျိုးလိုလားသောသေသူ၏ အသရေကို နစ်နာစေမည်ဟု ခြိမ်းခြောက်ခြင်းသည် ဤပုဒ်မ၌ အကျုံးဝင်သည်။
ဥပမာ
တရားမမှုကို B မစွဲဆိုအောင် B ကို သွေးဆောင်ရန်အလို့ငှာ A က B ၏ အိမ်ကိုမီးရှို့မည်ဟု ခြိမ်းခြောက်၏။ ဤတွင် A သည် ရာဇဝတ်မကင်းသော ခြောက်လှန့်မှုကို ကျူးလွန်၏။