(က) နိုင်ငံခြားဘဏ်သည် ဗဟိုဘဏ်၏ အတည်ပြုချက်ရယူပြီးနောက် ဗဟိုဘဏ်က သတ်မှတ်သော စည်းကမ်းချက်များနှင့် အညီ နိုင်ငံတော်၌ တည်ထောင်သော ၎င်း၏ ကုမ္ပဏီရုံးခွဲနှင့် ဘဏ်ရုံးခွဲကို စစ်ဆေးနိုင်သည်။
(ခ) သက်ဆိုင်ရာ နိုင်ငံခြားဘဏ်သည် ပုဒ်မခွဲ (က)အရ စစ်ဆေးမှုပြုလုပ်ပြီး စစ်ဆေးချက် အစီရင်ခံစာ မိတ္တူကို ဗဟိုဘဏ်သို့ တင်ပြရမည်။